KAUNGKAUNG ယောက်ျား တစ်ယောက်ရဲ့ မာန်မာနနဲ့ ဘယ်သူ့ကိုမှ ဒူးမထောက်ခဲ့ဘူး...... တစ်ခါ တောင်းဆိုလို့မှမရရင်... ဘယ်အရာကိုမှ နှစ်ခါ မတောင်းဆိုခဲ့တာ.. ဘ၀ မှာ အချစ်တစ်ခု ကို မတွေ့ခင် အချိန်ထိပေါ့..... ဒါပေမယ့် အခု တော့ မင်းနဲ့တွေ့မှ အကြိမ်ကြိမ် ရှုံးလဲ ငါ ၀မ်းမနည်းတတ်ခဲ့ အခါအခါ ချစ်ခွင့်ပန် ပြီး မင်း အနားမှာ အမြဲဒူးထောက် တောင်းဆိုတတ်ခဲ့ပြီ......... အနှိုင်းမဲ့ ♥♥ ချစ်ခြင်းရဲ့ သက်သေ♥♥ လရောင် ခပ်နွမ်းနွမ်း အောက်မှာ လွမ်းနေတဲ့ သစ်တစ်ပင် ငါဖြစ်ရင် မင်းကိုလွမ်းတိုင်း ကြွေလွင့် နေရတဲ့ ရွက်ကြွေလေးတွေ မြေမှာကျဲ လို့ ထီးထီးကျန်နေတဲ့ ရိုးတံ လေးတွေ က ချစ်ခြင်းရဲ့သက်သေပေါ့ ♥♥♥ လရောင် အဝေးကို မျှော်ငေးနေရတဲ့ ကြယ်တစ်ပွင့် ငါဖြစ်ရင် မှုန်မှိုင်းနေတဲ့ အလင်းရောင်နဲ့ တစ်ချက်တစ်ချက်လင်းလက်တတ်တဲ့ တမ်းတခြင်းလေးတွေ က ချစ်ခြင်းရဲ့ သက်သေပေါ့ ♥♥♥ ကန္တာရ မှာ နေရာ ရတဲ့ မျှော်လင့် ခြင်း ဆူးပင် ငါဖြစ်ရင် မင်း အတွက် ရဲ ရင့်ခြင်းတွေ နဲ့ ရင်ဆိုင်ရဲ တဲ့ သတ္တိတွေ က ချစ်ခြင်းရဲ့ သက်သေတွေပေါ့ ♥♥♥ အသွားထက်ထက် ဓားတစ်လက် ငါ ဖြစ်ရင် ကာကွယ်ခြင်းန...
Comments
Post a Comment