ကဗျာ

KAUNGKAUNG

ယောက်ျား တစ်ယောက်ရဲ့ မာန်မာနနဲ့
ဘယ်သူ့ကိုမှ ဒူးမထောက်ခဲ့ဘူး......
တစ်ခါ တောင်းဆိုလို့မှမရရင်...
ဘယ်အရာကိုမှ နှစ်ခါ မတောင်းဆိုခဲ့တာ..
ဘ၀ မှာ အချစ်တစ်ခု ကို
မတွေ့ခင် အချိန်ထိပေါ့.....
ဒါပေမယ့် အခု တော့ မင်းနဲ့တွေ့မှ
အကြိမ်ကြိမ် ရှုံးလဲ ငါ ၀မ်းမနည်းတတ်ခဲ့
အခါအခါ ချစ်ခွင့်ပန် ပြီး မင်း အနားမှာ
အမြဲဒူးထောက် တောင်းဆိုတတ်ခဲ့ပြီ.........

အနှိုင်းမဲ့

♥♥ ချစ်ခြင်းရဲ့ သက်သေ♥♥

 လရောင် ခပ်နွမ်းနွမ်း အောက်မှာ
လွမ်းနေတဲ့  သစ်တစ်ပင် ငါဖြစ်ရင်
မင်းကိုလွမ်းတိုင်း ကြွေလွင့် နေရတဲ့  ရွက်ကြွေလေးတွေ
မြေမှာကျဲ လို့  ထီးထီးကျန်နေတဲ့  ရိုးတံ လေးတွေ က ချစ်ခြင်းရဲ့သက်သေပေါ့
♥♥♥
လရောင် အဝေးကို မျှော်ငေးနေရတဲ့
ကြယ်တစ်ပွင့် ငါဖြစ်ရင်
မှုန်မှိုင်းနေတဲ့  အလင်းရောင်နဲ့  တစ်ချက်တစ်ချက်လင်းလက်တတ်တဲ့
တမ်းတခြင်းလေးတွေ က ချစ်ခြင်းရဲ့  သက်သေပေါ့
♥♥♥
ကန္တာရ မှာ နေရာ ရတဲ့
မျှော်လင့် ခြင်း ဆူးပင် ငါဖြစ်ရင်
မင်း အတွက် ရဲ ရင့်ခြင်းတွေ နဲ့  ရင်ဆိုင်ရဲ တဲ့ သတ္တိတွေ က
ချစ်ခြင်းရဲ့ သက်သေတွေပေါ့
♥♥♥
အသွားထက်ထက် ဓားတစ်လက် ငါ ဖြစ်ရင်
ကာကွယ်ခြင်းနဲ့  စောင့်ရှောက်ခြင်းက
ချစ်ခြင်းရဲ့  သက်သေပေါ့
♥♥♥


♥♥♥♣ ♥♥♥♣ ♥♥♥♣ ♥♥♥♣ ♥♥♥♣ ♥♥♥♣
ခမ်းခမ်းနားနား အလွမ်းစကားတွေ
ငါ မပြောတတ်လို့ ခွဲခွဲ ခြားခြား တော့ သဘောမထားပါနဲ့ ကွာ
ငါ နင့်အပေါ် ချစ်တဲ့ မေတ္တာ တရား က
နင့်ကို ချစ်ပါတယ်ဆိုတဲ့တခြားကောင်တွေ ထက်တော့
အပြတ် အသတ် သာပါတယ်
သူတို့ နင့် ကို သေလောက်အောင် လွမ်းတယ်ဆိုတာ
ငါအလုပ်ရှုပ်တုန်း ခဏ
နင့်ကို ခပ်ပါးပါးလေး သတိရသလောက်ပဲ ရှိတယ်
နင် အဲ့ဒါတော့ ယုံ။....။
 ♥♥♥♣ ♥♥♥♣ ♥♥♥♣ ♥♥♥♣ ♥♥♥♣ ♥♥♥♣ ♥♥♥♣

ကျကွဲသွားတဲ့ ကော်ဖီတစ်ခွက်

အချစ်ဆိုတာ....
အလွမ်းခါးခါးတွေ နဲ့ဖျော်စပ်ထားတဲ့ ကော်ဖီ တစ်ခွက်လို
ချစ်ရတဲ့ သူအနေနဲ့ ခါးသီးမှု့တွေနဲ့ အိပ်ရေးပျက်မှု့ တွေ ပဲ ရတတ်သလား
ဒါပေမယ့် ကော်ဖီ ကြိုက်တတ်တဲ့သူအတွက်တော့ အဲ့ဒီခံစားချက်လေးကိုပဲ သာယာမိ
မင်းပေးတဲ့ ခါးသက်မှု့တွေ အပေါ်မှာပဲ စွဲလမ်း ခဲ့မိတာ
ငါရှုံးသွားတာတောင် မသိလိုက်ဘူး
ငါ့ရဲ့ အိပ် ရေးပျက်ညတွေ ကို နှမြော လိုက်တာ ကွာ...
တကယ်ဆို ...
သူများ သောက်ပြီးသားကော်ဖီ တစ်ခွက်ကို မှ ငါ က တန်ဖိုးထားမိတာကို......

 ♥♥♥♣ ♥♥♥♣ ♥♥♥♣ ♥♥♥♣ ♥♥♥♣ ♥♥♥♣

နင် မယုံကြည်ဘူးဆိုတာ သိရက်နဲ့တော့
ငါပြောမထွက်ခဲ့တာ ငါမမှားပါဘူးကွာ....
တကယ်တော့ ငါသိထားခဲ့တဲ့ အချစ်ဆိုတာ ကလဲ
သိမ်သိမ် မွေ့မွေ့ တိတ်တိတ်ဆိတ်ဆိတ်
အကြောင်းပြချက် မရှိပါပဲ နှလုံးသားထဲကို ခိုးဝင်လာခဲ့တယ်..
အချစ်ဆိုတာ ပါးစပ်ကပြောမှ လား
နှုတ်ခမ်းဖျားလေးနဲ့ ချစ်ခဲ့တာမဟုတ်တဲ့ ငါ့အတွက်
ပါးစပ်ကမပြောလဲနှလုံးသားနဲ့သိခဲ့ပါတယ်
ငါ နင့်ကို ချစ်တယ်..
 ♥♥♥♣ ♥♥♥♣ ♥♥♥♣ ♥♥♥♣ ♥♥♥♣ ♥♥♥♣

♪♥♪နှစ်လုံးသားရဲ့ စကား♪♥♪သံစဉ်ကြားမှာ မျှောလွင့်လို့ ♪♥♪ လေပြည်
ခပ်ပါးပါး အောက်မှာ ပျောက်ကွယ်ခဲ့♪♥♪..သူမကြားလိုက်
ပါဘူး ♪♥♪ငါ သူ့ကို
ချစ်တယ်ဆိုတာ ♪♥♪ ဒီလိုနဲ့♪♥♪ တို့တွေ တစ်ဖြည်းဖြည်းဝေးကွာ ခဲ့တယ်....♪♥♪
 ♥♥♥♣ ♥♥♥♣ ♥♥♥♣ ♥♥♥♣ ♥♥♥♣ ♥♥♥♣

 **လွမ်းမိတယ်မေမေ***

နီးနီး နေစဉ်
ကြင်နာ ယုယ မေ့ မရဘူး
မှန်းဆလို့ တမ်းတ လွမ်းရတဲ့ ညတွေ လွန်ပါစေတော့ အမေ
အတူနေလို့ ရပေမယ့်
တစ်ရွာမပြောင်း သူကောင်းမဖြစ်ဆိုတဲ့ ဆိုရိုးစကားရှိလို့
သားကြီးသြရသ ဖြစ်တဲ့ သား အိမ်နဲ့ ဝေးလွင့်
မန်းလေးဆိုတဲ့ရွေမြို့တော်ကြီးမှာနေပြီး
ကြိုးစားပါ့မယ် မေမေ
မြို့ကြီးမှာ နီယွန်မီးတွေနဲ့မီးရောင်စုံအလှတွေနဲ့
အဆင့်မြင့်လှတဲ့ တိုက်တာ အိုးအိမ်တွေနဲ့
ဘယ်မြို့ ဘယ်ရွာ ဘယ်လောက်ခမ်းနားလဲ
မက်မော တမ်းတ ရတာက
အမေ နေထိုင်ရာ တမူးဆိုတဲ့
သေးသေးမွားမွား ဇာတိမြို့ လေးပါ မေမေ
တမူးဆိုတဲ့ အဲ့ဒီမြို့ လေးမှာ
တန်ဖိုးမဖြတ်နိုင်တဲ့ ရိုးသားမှု့တွေရှိတယ်
ပြောမဆုံးနိုင်တဲ့ အမှတ်တရပေါင်းများစွာရှိတယ်
ညနေတိုင်း သူငယ်ချင်းတွေ စုလို့ သွားဖြစ်တဲ့
သံယောဇဉ်ဆိုတဲ့ ကော်ဖီ ဆိုင်လေးကိုလဲလွမ်းတယ်
ပေါက်တတ်ကရတွေ ပြောပြီး ပျော်ရွင်ခဲ့ရတဲ့
ဘဘိုးသီလ နန်း က ကန်ဘောင် အကြော်ဆိုင်လေးကိုလဲ လွမ်းတယ်
လေးညှင်းလေး အမြဲ တိုက်နေတတ်တဲ့ ညနေခင်းတွေနဲ့အတူ
ကဘော် ဂေါက်ကလပ်မှာ လမ်းလျှောက်ဖူးခဲ့တဲ့ နေ့ရက်တွေကိုလွမ်းတယ်
အိပ်ပျက်ခံ ပြီး ဂီတာ တီးခဲ့ဖူးတဲ့ ညတွေမှာ
မီးအိမ်လေးထွန်းပြီး သားအပြန်ကို စောင့်နေတတ်တဲ့ မေမေ့ ကိုလဲ လွမ်းတယ်
အားလုံးအားလုံး ပေါင်းပြီးတော့ အိမ်ကို လွမ်းမိတယ် မေမေ
သားကြိုးစားပါ့မယ် မေမေ
သားချစ်တဲ့ မိသားစုနဲ့ သားချစ်တဲ့ မြို့လေးမှာ အတူပြန်နေရအောင်
သားကြိုးစားပါ့မယ်*** မေမေ*******
 ♥♥♥♣ ♥♥♥♣ ♥♥♥♣ ♥♥♥♣ ♥♥♥♣ ♥♥♥♣ 

 ♥♥missing♥♥

အနေ နီး လို့ အနာကြီးတယ်တဲ့ ....
ဝေးဝေးကပဲ လွမ်းကြတာပေါ့
အမှတ် တရတွေ ဘာမှ မထားချင်ဘူး လို့
ငါပြောပြီး ဓာတ်ပုံ ရိုက်ဖို့ နင်တောင်းဆိုတာကို
ငါငြင်းဆန်လိုက်တယ်
နင့် မျက်ရည်တွေနဲ့ ဆန္ဒပြစိတ်ကောက်လည်းငါက သိပ်ပြီး ခေါင်းမာလွန်းခဲ့တယ်လေ
အဖြစ်အပျက်တွေက မနေ့ တစ်နေ့ကလိုပါပဲ
ရှင်းရှင်းလင်းလင်း ထင်ကျန်နေတုန်းပဲ
အမှတ်တရတွေ မထားချင်ခဲ့တဲ့ငါလဲ
ချန်မထားခဲ့တဲ့ အကြောင်းတရားတွေ ကြားမှာ
အခု သတိရနေတယ်
ဝေးလို့သွားမှ
အရင်အချိန်တွေကို ပြန်တမ်းတရင်း
သူငယ်ချင်းတွေနဲ့ပျော်ခဲ့ဖူးတဲ့ အတိတ်ကို
ပြန်လိုချင်မိတယ်
မေ့လို့ မရနိုင်သေးပါဘူး
ငါတို့ ရဲ့ ကျောင်းတော်ကြီးမှာ ရင်ခုန်ခဲ့ဖူးတာကို
မေ့ လို့မရသေးပါဘူး
ငါ့သီချင်းသံ သဲ့သဲ့မှာ နင်မှေးစက်ခဲ့တာကို
မေ့လို့မ ရသေးပါဘူး
နေ၀င်ချိန်တွေ လမ်းလျှောက်ခဲ့ဖူးတာကို
မေ့လို့ မရနိုင်သေးပါဘူး
နှင်းတွေဝေနေတဲ့တောင်ပေါ်လမ်းတွေမှာ
အတူ ပျော်ခဲ့ဖူးတာကို
ငါ မေ့လို့ မရသေးပါဘူး
ရေဆန်ကျွန်းဘုရားပေါ်က နင့်မျက်ရည်တွေကို
အတိတ်ကို အတိတ်မှာ ချန်ထားရစ်လို့
ပြီးခဲ့တာ ကို မေ့ပစ်ချင်ပေမယ့်
အတိတ်ရဲ့ အရိပ်က ငါ့ကို အခုထိ
ရက်စက်လို့နေတုန်းပဲ......♥♥
missing♥♥
  ♥♥♥♣ ♥♥♥♣ ♥♥♥♣ ♥♥♥♣ ♥♥♥♣ ♥♥♥♣ 

 ......ချစ်သူ.......

......ချစ်သူ.......
ပတ်ဝန်း ကျင် က လူတွေ ပြောစကား
နားမယောင်ပါစေနဲ့လို့ ငါဆု မတောင်းဘူး
နင် ငါ့ ကို အမြဲ ယုံကြည်နေပါစေလို့ ငါဆုတောင်းတယ်
......ချစ်သူ.......
ငါ့ ရဲ့ နှလုံးသား နာကျင်မှု့ ပြေပျောက်ဖို့
နင့် ရဲ့ မေတ္တာတရားကို ငါ မတောင်းဆိုဘူး
နင် ဘာပဲ လုပ်လုပ် ငါ အပြစ် မမြင် ပါနဲ့လို့
ငါ့ နှလုံးသားကိုပဲ တောင်းဆိုတယ်
.....ချစ်သူ.........
အနေ ဝေးလို့ အချစ်တွေ မလျော့ပါစေနဲ့လို့
ငါ မတောင်းတ လိုဘူး
နင် ငါ့ ကိုမကြင်နာလို့ မုန်းသွားလဲ
အမြဲ ချစ်နေနိုင်တဲ့ နှလုံးသားတစ်ခုကိုပဲ ငါတောင်းတတယ်....
 ♥♥♥♣ ♥♥♥♣ ♥♥♥♣ ♥♥♥♣ ♥♥♥♣ ♥♥♥♣ 
*♥နင် သိမလားချစ်သူ..........♥*
နင် မမြင်နိုင်တဲ့ ငါ့ ရင်ခွင်မှာ
အချစ်တစ်ခု ကို ရှာဖွေ တွေ့ ရှိခဲ့တယ်
*♥နင် သိမလား ချစ်သူ.........♥*
နင် ငါ့ကို စိတ်ကောက်တိုင်း
ငါ ချော့ ရတာ ကို သိပ်သာယာမိတယ်
*♥နင် သိမလားချစ်သူ.......♥*
ငါ ဆို တဲ့ ကောင် က နင့် ရဲ့ အပြုံးတစ်ပွင့် နဲ့တင်
ကမ္ဘာပတ်ပြီး ရူး ခဲ့ မိတယ်...
နင့် အတွက် ငါ့ အချစ်က တန်ဖိုးမရှိခဲ့ပေမယ့်
နင့် အချစ် ရဖို့ ဆို ငါ က ဘာမဆို ပေးဆပ်ရဲခဲ့သူပါ
*♥နင် သိမလား ချစ်သူ.......♥*
နင့် ရဲ့ တီတီတာတာ စကား အလှလေးတွေ အောက်မှာ
မာယာတွေ ဆိုတာ သိရက်နဲ့ ငါ ယုံစားခဲ့တယ်
ဘ၀ မှာ တစ်ခါ သာ ချစ်မိတယ်လို့ နှလုံးသားကို ယုံစား
ငါ အလေးအနက်ထား ခဲ့ပေမယ့်
ငါ့ အချစ် က ကွယ်ရာမှာ နင် ဟားတိုက် ရယ်မောဖို့လားချစ်သူ......
*♥........ ငါ ဆုတောင်းလိုက် ပါတယ် ချစ်သူ..............♥*
*♥...........နင် ၀ဋ်မလည်ပါစေ နဲ့ လို့......................♥*
  ♥♥♥♣ ♥♥♥♣ ♥♥♥♣ ♥♥♥♣ ♥♥♥♣ ♥♥♥♣ 

♣ ..- * ည * -........♣♣♣♣

ကြယ်စင်တွေ အိပ်မောကျ..
ငါ့ကဗျာတွေ ခွက်ပုန်းချတဲ့ ည..
ဂီတာ သံ ခပ်သောသော ရဲ့အောက်မှာ..
နာမည်မကြီး တဲ့ သီချင်းတစ်ပုဒ်နဲ့..
ငါ့ကာရံတွေ ငိုရှိုက် ခဲ့ ရ အဲ့ဒီ *ည*..
ချိုမြမြ အပြုံးတစ်ပွင့် ငါ့စိတ်နှလုံးမှာ စွဲထင်လို့..
ငါ့အခန်း နံရံ နဲ့ မျက်နှာကျက်တွေမှာ စိုးမိုး..
ညို့အားပြင်းတဲ့ မျက်ဝန်း အကြည့် တွေ နေရာယူထားတဲ့ *ည*
နာရီသံ တစ်ချက်ချက် ကျယ်လောင်စွာ မြည်ဟီးလျှက်..
သံသရာ သံလမ်းပေါ်က အချိန်ရထားက ..
သန်ခေါင်ယံ ဆိုတဲ့ ဘူတာ ကို ဖြတ်ကျော်လို့သွား..
နိုးတစ်ဝက် အိမ်မက်တွေ ထဲက..
အသဲ ကွဲ ဇာတ်လမ်း ရှည်ကြီး တစ်ပုဒ်က အရှိန် တက်နေတုန်း....
   ♥♥♥♣ ♥♥♥♣ ♥♥♥♣ ♥♥♥♣ ♥♥♥♣ ♥♥♥♣ 
တွေ့ ဆုံ ကြုံ ခဏ၊ ပြန်ပြီးခွဲခွာကြရတယ်
ဘ၀က ဒါပါပဲ
လွမ်းဆွတ် တမ်း တ နေလဲ
ကျော ခိုင်း သူက ထားရစ်ခဲ့ပြီ
မနေ ချင်လို့ ထွက်သွားခဲ့ပြီးမှ
ပြန်လာပါလို့ မတောင်းဆိုတော့ပါဘူး
အဝေးက လ ရောင် နဲ့ ယှဉ်ပြိုင်မထွန်းလင်းနိုင်တဲ့
ကြယ်မှုန်စုံမွား ဘ၀ မှာတော့
ငိုနေလို့လဲထူးတော့မှာ မဟုတ်ဘူးလေ
နင် ထားခဲ့ တဲ့ဒဏ် ရာနဲ့
ငါ့ရဲ့ အသည်း ကွဲ နန်းတော်မှာ
ဝါကျင့်ကျင့်အလွမ်းတွေ ကို နန်းတင်ပြီး
ဒူးထောက် ခစားနေပါ့မယ်.....
သိပ်ချစ်တယ်........-------ရယ်.
...
 ♥♥♥♣ ♥♥♥♣ ♥♥♥♣ ♥♥♥♣ ♥♥♥♣ ♥♥♥♣ 
လူတွေ မသိအောင် မျက်ရည်တွေ ခိုးသုတ်နေရတယ်
ပိုင်ရှင် မသိတဲ့ အလွမ်းတွေနဲ့
ညနက် အောင် လွမ်းနေ တတ်တာ
ပြင်လို့ မရတော့ တဲ့ အစွဲ တစ်ခုလို ဖြစ်နေခဲ့ပေါ့
ငါ့ ရဲ့ အဖြူ ရောင် နှလုံးသားပေါ်မှာ
အလှပဆုံး ဆေးချက်တွေ နဲ့ ရက်ရက်စက်စက် သိမ်းပိုက်လို့
အောင်နိုင်သူတစ်ယောက်ရဲ့ အပြုံး နဲ့ နင်ကတော့ မသိချင်ယောင်ဆောင်နေဆဲ
ကြေကွဲ ညတွေ လွန်ပါစေ........
မဖြေသာ လို့ ဒဏ်ရာတွေ အတွက်ငါဆုတောင်းနေတယ်
နင် မနေသာလို့ လှည့် ကြည့် နိုင်မယ် ဆိုရင်တောင်
ငါ့ကိုလည် ပြန် ကြည့် မသွားပါနဲ့
အဲ့ ဒီမာယာ များတဲ့ အကြည့် တစ်ချက်နဲ့ ငါသေသွားနိုင်လို့ ပါ.....
ကောင်မလေးရယ်..
  ♥♥♥♣ ♥♥♥♣ ♥♥♥♣ ♥♥♥♣ ♥♥♥♣ ♥♥♥♣ 
အလွမ်း.....အလွမ်း...မဆန်းပြားပေမယ့်
ငါ့နှလုံးသားမှာတော့ခမ်းနား လွန်းတယ်.....
တစ်သက်ဝေးရမယ်လို့..မပြောပါနဲ့လား
တစ်ရက်လေးမတွေ့ရရင်တောင် ရူးလောက်အောင်
လွမ်းတတ်သူပါ.....ကောင်မလေးရယ်....
နင် မမြင်ခဲ့တဲ့ ငါ့ ရင်မှာ တိတ်တခိုးပဲချစ်ခဲ့မိတယ်လို့ ရိုးသားစွာဝန်ခံပါတယ်....
အချစ်ဆိုတာ လွယ်လွယ်လေး နဲ့ မဖြစ်နိုင်တာသိလို့
ငါ ဖွင့် မပြောခဲ့တာ ငါညံ့ဖျင်းတယ်လို့ပဲထားလိုက်ပါကွာ
ဘာပဲ ဖြစ်ဖြစ်ပါ ငါတို့သူငယ်ချင်းတွေ အဖြစ် အတူသွားခဲ့တဲ့ နေရာတွေ
ငါတို့ စတွေ့ခဲ့ ကြတဲ့ စာသင်ခန်း လေးတွေဘက်ကို ငါရောက်တိုင်း
ငါတို့ နှစ်သား နားလည်ခဲ့ပြီး မပြတ်သားခဲ့တဲ့
ရင်ထဲ ကအချစ်ဆိုတာကို
ငါလွမ်းနေဦးမှာပါ
ငါတို့ တွေ့ ခဲ့ကြတာ ဒီလိုမျိုး ဝေးသွားဖို့လား......?????

   ♥♥♥♣ ♥♥♥♣ ♥♥♥♣ ♥♥♥♣ ♥♥♥♣ ♥♥♥♣ 
တစ်ခါတစ်ရံ ...လောကဓံမှာ ဆန္ဒနဲ့ ဘ၀ ထပ်တူမကျလို့
နှလုံးသားရဲ့ စေရာအတိုင်း လိုက်လျှောက်ချင်ပေမယ့် မဖြစ်သင့်
အကြိမ် ကြိမ် အခါခါ ရှုံးနိမ့်ခဲ့ရ.....
အကြောင်းမလှလို့ မပေါင်းရပေမယ့်
နင် မမြင်နိုင်တဲ့ကွယ်ရာကပဲ ချစ်ပါ့မယ်
အစွဲ အလမ်းကြီးတဲ့ နှလုံးသားက
အရူံးများပေမယ့် မမေ့ရက်နိုင်ခဲ့လို့..
♥♥♥♣ ♥♥♥♣ ♥♥♥♣ ♥♥♥♣ ♥♥♥♣ ♥♥♥♣

နင့် လက်ခုပ် ထဲ က ငါ့ နှလုံးသားပါ.........
နင် ငါ့ ကို နားလည်မပေးနိုင်ချင် နေပါစေ..
ငါ က နင့် ကို အမြဲ နားလည်ပေးနိုင်သူ ဖြစ်ချင်တယ်.....
နင် ပြုံးဖို့ အတွက် ငါ ငို ရမယ်ဆိုရင်...အကြိမ်တရာ ငါ ငို ပါရစေ
နင် တစ်ခါပြုံးဖို့ ဖြည့်ဆည်းပေးနိုင်သူ ငါ ဖြစ်ချင်တယ်....
နင် က ငါ့ စွန့် ပစ်လို့ ရင်ခွင် သစ်ကို ပြောင်းသွား ချင်တယ် ဆိုရင်...
ငါ က နင်ပျော်ဖို့ . .. နှလုံးသားကိုရင်းပြီး ခွင့်လွတ်ပေးနိုင်သူ ဖြစ်ချင်တယ်.....
 ♥♥♥♣ ♥♥♥♣ ♥♥♥♣ ♥♥♥♣ ♥♥♥♣ ♥♥♥♣

***မာယာ ရှင်သို့ ငိုမျက်ရည်..***


♥♥♥♥...♥♥♥♥
နှလုံးသားဆိုတာ နင် ထင်သလို ကစားစရာ အရုပ်တစ်ခု မဟုတ်ဘူး.....
နင်ပျော်ဖို့ အတွက် ငါ ငိုနေပေးရမယ်ဆိုရင်...
အချစ်က ငါ့ အတွက် အလွမ်းခါးခါး တွေ၇ဲ့ခိုနားရာ
အလွမ်းသစ်ပင်တစ်ပင်ဖြစ်သွားတော့
မှာပေါ့
နင် က ဟန်ဆောင် ကောင်းလွန်းလှ တဲ့ ငါ့နတ်သမီးလေးပေါ့
နင့်ရဲ့ အပြုံး တစ်ချက် ကဗျာ မဆန်လှပေမယ့်
ငါ့အတွက်တော့ အသက် ထွက်သွားနိုင်လောက်အောင် ရင်ခုန်ခဲ့ရတယ်
နင့်သဘောပါပဲ
နင်သိထားတဲ့ အချစ်ဆိုတာ အပျော် ကစားဖို့ ဆိုရင်
ကောင်မလေးရယ်....
နင်ကစားဖို့ ငါ့နှလုံးသားကို ကြိုးဆွဲပေးလိုက်ပါ့မယ်
နင် ဆွဲ ချင်သလို ဆွဲ .. နင်ကြူ ချင်သလို ကြူ
နင် ကြိုးဆွဲ ရာ အတိုင်း လိုက် က ရမယ့် ငါ့ နှလုံးသား အတွက်
ဆုလာဘ် တစ်စုံ တစ်ရာ များရှိရင် မျှော်လင့် ပါရစေ လား
ကောင်မလေးရယ်.....
နင် အပျော် အပျက် ပြောလိုက်တဲ့ စကား
မြှားတစ်စင်းလို ငါ့ ရင်ခွင်ကို ထွင်းဖောက် ၀င်ရောက်ခဲ့တာ
မင်းမှမသိခဲ့ ပဲလေ.....♥♥.♥♥♥..
 ♥♥♥♣ ♥♥♥♣ ♥♥♥♣ ♥♥♥♣ ♥♥♥♣ ♥♥♥♣ 
မေတ္တာ တရား ကို ဓားပြ တိုက်လို့ သာ ရမယ်ဆိုရင်
ခေတ် သစ်ဗိုလ် အောင်ဒင်လို့ ပဲ ဆိုဆို
ဂင်းနစ် စံချိန်တင် လောက်အောင် မိုက်ဖို့ရာ ငါ့ မှာ သတ္တိ တွေ ရှိပါတယ်
အသွားအပြန် ရှိပါတယ် ဆိုတဲ့ မေတ္တာ တရား
ငါ့ အတွက် တော့ အလကားပါ
ငါရ လိုက်တာ ခနဲ့တဲ့တဲ့ အပြုံးတွေ အဲ့ဒါ မေတ္တာလား
ရိုမီယို နဲ့ ဂျူးလိယက် သိပ်ချစ်ကြတယ် ဆိုတာ
နှစ်ဦး လုံးက ချစ်တဲ့ မေတ္တာပါ
 ဒသ်သ လို တစ်ဘက်သတ် အချစ်နဲ့
ချစ်ဖူးလို့ လို့ မေးကြည့် သူတို့ ငြင်းလိမ့်မယ်
ကိုယ်ချင်းစာ ပါတယ် ဒသ်သဂီရိ ရယ်...
 ♥♥♥♣ ♥♥♥♣ ♥♥♥♣ ♥♥♥♣ ♥♥♥♣ ♥♥♥♣ 

♥♥**ချစ်သူ**♥♥...........

ရိုးရိုးလေး ဆိုပေမယ့် ငါ့အတွက် တော့ ဆန်းပြားလှတယ်
သိပ်ကြီး ထူးခြား မနေ ပေမယ့် အဲ့ ဒီ အလှ မှာ ငါ ရစ်မူး လို့
နှလုံးသားက ၀ိုင် ခပ်ပြင်းပြင်းတွေ
သောက်ထားရသလို ချို အီအီ လေး ရစ်မူးရီဝေ..
နင် ဘာပဲ လုပ်လုပ် အပြစ် မမြင် တတ်တာ ငါ့ အနာဂါတ်လား
နင့် ဆီ က ကတိ ၀န်ခံ စကားတစ် ခွန်း မှ ငါ မတောင်းဆို လို ပါဘူး
ဒါပေမယ့် ငါ ချစ်တဲ့ နင့် အကြောင်း ငါသိတယ် ဆိုတာ ငါ ဖွင့်ဟ မယ်..
ခွင့်လွှတ် တဲ့ အပြုံး နဲ့ အရာရာကို ဥပက္ခာ ပြု နေတယ်
အရှုံးပေးရင် နှလုံးအေးတယ် ဆိုပြီးတော့လည်း
ဟုတ်ပါပြီလို့ မပြောပါနဲ့ ချစ်သူ ...
ငါ နင့်ကို ဘယ်တုန်းကမှ အပြစ် တင် စကားမဆိုခဲ့ပါဘူး
သိပ်ကြီး အနိုင်လို ချင်နေ လို့ လဲ စကားလုံးတွေ ရှာ မနေပါနဲ့ ချစ်သူ....
ငါ နောက် ဆုတ် နေပေးလိုက်ပါ့မယ်....
ဝေးဝေးကပဲ လွမ်းကြတာ ပေါ့
အနမ်း ဆိုတာ ငါ တို့ မှတ်တမ်းမှာ မရှိကြေးလေ....

  ♥♥♥♣ ♥♥♥♣ ♥♥♥♣ ♥♥♥♣ ♥♥♥♣ ♥♥♥♣ 
လှပလွန်းတဲ့ အပြုံး တွေ ရဲ့ နောက်မှာ
ကြိုး ကိုင် ထားတဲ့ မာယာ တွေ ရှိတယ်
ရက်စက်လွန်းတဲ့ အငြိုးတွေ နဲ့
ဟန်ဆောင်မျက်ဝန်းတွေ ကို ငါမြင်နေရတယ်..
နှလုံးသားနဲ့ ခံစားကြည့်ပါ
နင် မမြင်နိုင် တဲ့ စကား လုံးတွေ ကို
နှလုံးသားက အတိုင်းသားကြားရတယ်
မခမ်းနားတော့ ပါဘူး ဒိတ်လွန်သွားတဲ့
အိမ်မက်တွေ နဲ့ သတိ ရ ခြင်းတွေက
မြူမှုံတွေ လို လွင့်ပါးလို့
ငါ သိတာ ပေါ့ နင် ညာနေတယ်ဆိုတာ
ဖြူစင် တဲ့ မေတ္တာ တရားဆို တာ
နင် မချစ်လဲ ပဲ ငါ က ချစ်နေတယ်...
ဘက်မညီ တဲ့ နှလုံးသား လွန်ဆွဲ ပွဲ မှာ
အရှုံးဘက် က ငါ ရှိပေမယ့်
...မမုန်း ရက် နိုင်ဘူး...
♥♥*သိပ်ချစ်တယ်..*♥♥
♥♥♥♣ ♥♥♥♣ ♥♥♥♣ ♥♥♥♣ ♥♥♥♣ ♥♥♥♣ 
♥♥♥...ကြယ်ရောင်တွေလို မတောက်ပ တဲ့
ငါ့ ဘ၀ အနာ ဂါတ် ထဲ မင်းကို ဆွဲ မခေါ်ရက်ဘူး
အိုဟောင်းနေတဲ့ လမ်းတွေ ပေါ် ငါလျှောက်ရင်း
သံစဉ် မညီ တဲ့ ဂီတာ တစ်လက်ကို အဖော်ပြု လို့
လွမ်း ရုံ သက်သက်ပဲ ချစ်နေပါရစေ......။
 ♥♥♥♣ ♥♥♥♣ ♥♥♥♣ ♥♥♥♣ ♥♥♥♣ ♥♥♥♣ 
-♥*ချစ်သူ*♥-
ငါ့ ဘက် က အလံဖြူ ပြ လို့ အရှုံး ပေးလိုက်ပါ့မယ်
နင် မချစ် နိုင်ပဲ ငါ့ ကို ဆက်ပြီး ဝေဒနာတွေ မပေးပါနဲ့တော့.............
နင့် ရဲ့ ပေါ့ပျက်ပျက် မေတ္တာစကားတွေ ကို ငါ ယုံ စားလို့ မှားခဲ့ပြီးပြီ
နင် ကြူနေတာ သိရက် နဲ့ ဘာ လို့ ခံ စား နေလဲ
ငါ့နှလုံးသားကို နားမလည်လို့ ပြန်မေးတော့ လဲ အဖြေ က မရှိ
ငါ နားလည်ပေးလိုက်ပါတယ်
အရာ ရာ ကို ပေးဆပ်
အချစ်ဆိုတာ ငါ့အတွက် တော့ ချစ်လို့ စွန့် လွှတ်လိုက်တာပါပဲ..........
  ♥♥♥♣ ♥♥♥♣ ♥♥♥♣ ♥♥♥♣ ♥♥♥♣ ♥♥♥♣ 

*မေမေ*

မွေးသမိခင် ကျေးဇူးရှင် မေမေ
သား တို့ ဘ၀ အနာဂါတ် လမ်း ကို ဆုံးမ ညွန်ပြပေးတဲ့မေမေ
*မေမေ *
ဥမကွဲ သိုက် မပျက် အတူနေတဲ့ အချိန်တွေ
ပြောဆို ဆုံးမ ငယ်စဉ် ကာလတွေ
အမေ ရိုက် လို့ နာ တာ က နည်းနည်း ရယ်ပါ
စိတ်ထဲ မှာ ခံပြင်းလို့ သားမှားခဲ့ မိတာတွေ
အပြစ်တွေကို ၀န်ချတောင်းပန်လို့
သား အကြိမ်ကြိမ် ဦးညွတ်ချ ကန်တော့လျှက်ပါပဲ
*မေမေ*
လောက အလယ်မှာ ကျင်လည်လို့ ကျက်စား
နေသားကျနေပေမယ့်
ကိုယ့် သားလူ မမယ် ရယ်လို့ အမေ တွေး
အခု ထိ ကလေး ပဲ လို့ အမေ ထင်
ချစ်ခင် ယုယ အမေ့ မေတ္တာတွေ
သား မြင်ယောင်တိုင်း မျက်ရည်စို့ လျှက်
အမေ့ကို တမ်းတ မိပါတယ် အမေ
*မေမေ*
သား အတွက် ဆို အမေ ဦးစားပေး
အမေ ပြုလုပ်ပေးခဲ့ တဲ့ မွေးနေ့ ပွဲလေးတွေ
သား မမေ့ နိုင်သေးပါဘူး မေမေ
*မေမေ*
ထူးအိမ်သင် သီချင်းလေး ထဲ က လို
ကြွေး ဟောင်းဆပ်ခွင့်ပြုပါလို့ တောင်း ဆိုပါရစေအမေ
မေမေ့ မွေး နေ့ ဆွမ်း ကြွေး ရက်တွေ
ဘုရား စေတီ အလှူဒါန သား တတ်နိုင်သမျှ
အမေ့ တွက် ရည်စူး သား ဆုတောင်း ပါတယ်
အမေ ကျန်းမာ ပါစေ
အမေ ချမ်းသာပါစေ
အမေ ဒီနေ့ သည် ရက်မှ သည်
နောင် နှစ်ပေါင်းများစွာ ငြိမ်းချမ်းသော ဘ၀ကိုပျော်ရွင်စွာ ဖြတ်သန်းနိုင်ပါစေ
*မေမေ*
သားချစ်တဲ့ *မေမေ*.......... ..........
  ♥♥♥♣ ♥♥♥♣ ♥♥♥♣ ♥♥♥♣ ♥♥♥♣ ♥♥♥♣
ချစ်သူ နင် မမေးပါနဲ့
နင့်ကို ငါ  ဘာကြောင့် ချစ်လဲ
နင်မမေးပါနဲ့
စကားလေး တစ်ခွန်း ကြားရုံ နဲ့
အပြုံးလေး တစ်ပွင့် မြင်ရရုံ နဲ့
နှုတ်ခမ်းလေး လှုပ်ခပ် သွားရုံနဲ့
ကြေ ကွဲ ညတွေ အကြောင်း ကို ကဗျာ တွေ နဲ့ သီ ဖွဲ့ တတ်ခဲ့သူပါ
ချစ်သူ နင် က သိပ်လှပ တဲ့ နှင်းဆီ တစ်ပွင့် ဖြစ်မယ် ဆိုရင်
ငါ က ဆူး လေး တစ်ချောင်းဖြစ်ချင်တယ်
ချစ်သူ နင်က သိပ် လှပ လွန်း တဲ့ နတ်သမီးလေးတစ်ပါး ဖြစ်မယ် ဆိုရင်
ငါ က နင်လိုရာ စေခိုင်းနိုင်တဲ့ နှင်တံ လေး တစ်ချောင်းဖြစ်ချင်တယ်
ချစ်သူ နင်က  လ လေး တစ်စင်း ဖြစ်မယ် ဆိုရင်
ငါက ကြယ်လေး တစ်ပွင့် ဖြစ်ချင်တယ်
ချစ်သူ နင်က ငှက်ကလေး တစ်ကောင်ဖြစ်မယ် ဆိုရင်
ငါ ကသစ်ကိုင်းလေး တစ်ခက် ဖြစ်ချင်တယ်
ချစ်သူ အကောင်းဆုံး ဆိုတာ တွေ ကို ငါ မမျှော်လင့် တတ်ပါဘူး
အဲ့ဒီ အရာ တွေ ထဲ က နင့် ရဲ့ ချစ်ခြင်း ကို လဲ ငါ မမျှော်လင့်တော့ပါဘူး
ငါ့ ကိုယ် ငါ ပြင်ဆင်ခွင့် မရှိခင် အချိန်လေးမှာ ငါမှားခဲ့မိတယ်ဆိုရင်
ချစ်သူ တကယ်လို့ ငါ တို့ ချစ်ခဲ့ ကြတာ အိမ်မက် မဟုတ်ဘူးဆိုရင်
အချိုးတွေ အားလုံးပြင် လို့ နင့် ရဲ့ နံဘေးမှာ ကိုယ် ရံတော်
သူငယ်ချင်းလေး ပဲ ဖြစ်ဖြစ် ပြန်နေခွင့်ပေးဖို့ ငါတောင်းဆိုချင်တယ်..
 ♥♥♥♣ ♥♥♥♣ ♥♥♥♣ ♥♥♥♣ ♥♥♥♣ ♥♥♥♣ 
မင်း ဆော့ စရာ သိပ်ရှားသလားကွာ
ငါ့နှလုံးသားကိုမှ
လက်ဖ၀ါး နဲ့ အသာအယာ ဆုပ်ကိုင်လို့
မင်း အပေါင်း အသင်းတွေ နဲ့  ဇာတ်လမ်းတစ်ပုဒ်ကို
စိတ်ကူးယဉ်ကြည့် နေ ရက်တယ်
မင်းမှာ ခံစားချက် မရှိရင် အသာလေး ငါ့ကို ဘေးချထားပေးပါလား
တစ်ဆတ်ဆတ် တုန်ရီနေတဲ့  ငါ့နှလုံးသားနဲ့ တိုးတိုးဖွဖွ တောင်းဆိုတယ်
ငါ့ကို သံယောဇဉ် ဆိုတဲ့  ကြိုးနဲ့  တုတ်နှောင်လို့
မင်း မိတ်ဆွေတွေ ကြားမှာ မျောက်ပွဲ  ကသလို မျိုး
ဟာသ အဖြစ် သုံးဖို့   ခုတုံး လုပ်ထားကြသလား
သနားဖို့ ကောင်းလိုက် တဲ့ ငါ့ အဖြစ်ကွာ
မျက်ရည်တွေ နဲ့  ဟန်ဆောင်ထားကြတဲ့  မျက်နှာဖုံးတွေ ရဲ့ နောက်က
သရော် ပြုံး တွေ လှောင်ပြုံးတွေ ကို  ငါ မမြင် တတ်ခဲ့  တာ
မင်းက တော့ အပျင်းပြေ သီချင်းတစ်ပုဒ်ကို သီဆိုနေတယ်
*ဘယ်လောက်ထိ ချစ်လဲ မေးရင် မျက်ရည်ကျအောင်ချစ်တယ်တဲ့  *
ဟားဟားဟား  လို့ ငါဟားတိုက်ရီမော လိုက်ချင်ပေမယ့်
အသံ ထွက်ဖို့  ကြိုးစားလိုက်တိုင်း ဘယ်ဘက် ရင်အုံ တစ်ခြမ်း က အောင့်အောင့်လာတယ်
မင်းက တော့ မင်း ကစားဖို့  အရုပ်တစ်ရုပ် မရှိတော့ဘူးလို့
စိတ်ပျက်ကောင်းပျက်လိမ့်  မယ်
ငါ့ အတွက် ကတော့ ငါခံစားခဲ့  ရသမျှ သိမ်းဆည်းထားခဲ့  ရသမျှ
ဒေတာ တွေ အားလုံးကို ငါ့ နှလုံးသား မီမိုရီ ကနေ ဖော်မတ်ရိုက်ပြီး
အကုန်လုံးကို စိတ်နာနာ နဲ့  ဖျက်စီး ပစ်လိုက်ချင်တယ်
ပြန်မတွေး ချင်တော့ပါဘူး ဖြစ်သမျှတွေ ကို
အားလုံးကို ဥပက္ခာ ပြုလို့  ငါ ဘေးမဲ့  ပေးလိုက်တယ်
ယုံကြည်မူ့ ကို အလွဲသုံးစားလုပ်ကြသူ များအကြောင်းကို တော့
ကဗျာ တစ်ပုဒ် ဖွဲ့ ချင်သေးရဲ့ ...........................: :::
♥♥♥♣ ♥♥♥♣ ♥♥♥♣ ♥♥♥♣ ♥♥♥♣ ♥♥♥♣

Comments

Popular posts from this blog

Poem

ဘဝမှာ မရှိမဖြစ်တဲ့ သူငယ်ချင်းများ