Posts

Showing posts from September, 2012

ကဗျာ

KAUNGKAUNG ယောက်ျား တစ်ယောက်ရဲ့ မာန်မာနနဲ့ ဘယ်သူ့ကိုမှ ဒူးမထောက်ခဲ့ဘူး...... တစ်ခါ တောင်းဆိုလို့မှမရရင်... ဘယ်အရာကိုမှ နှစ်ခါ မတောင်းဆိုခဲ့တာ.. ဘ၀ မှာ အချစ်တစ်ခု ကို မတွေ့ခင် အချိန်ထိပေါ့..... ဒါပေမယ့် အခု တော့ မင်းနဲ့တွေ့မှ အကြိမ်ကြိမ် ရှုံးလဲ ငါ ၀မ်းမနည်းတတ်ခဲ့ အခါအခါ ချစ်ခွင့်ပန် ပြီး မင်း အနားမှာ အမြဲဒူးထောက် တောင်းဆိုတတ်ခဲ့ပြီ......... အနှိုင်းမဲ့ ♥♥ ချစ်ခြင်းရဲ့ သက်သေ♥♥  လရောင် ခပ်နွမ်းနွမ်း အောက်မှာ လွမ်းနေတဲ့  သစ်တစ်ပင် ငါဖြစ်ရင် မင်းကိုလွမ်းတိုင်း ကြွေလွင့် နေရတဲ့  ရွက်ကြွေလေးတွေ မြေမှာကျဲ လို့  ထီးထီးကျန်နေတဲ့  ရိုးတံ လေးတွေ က ချစ်ခြင်းရဲ့သက်သေပေါ့ ♥♥♥ လရောင် အဝေးကို မျှော်ငေးနေရတဲ့ ကြယ်တစ်ပွင့် ငါဖြစ်ရင် မှုန်မှိုင်းနေတဲ့  အလင်းရောင်နဲ့  တစ်ချက်တစ်ချက်လင်းလက်တတ်တဲ့ တမ်းတခြင်းလေးတွေ က ချစ်ခြင်းရဲ့  သက်သေပေါ့ ♥♥♥ ကန္တာရ မှာ နေရာ ရတဲ့ မျှော်လင့် ခြင်း ဆူးပင် ငါဖြစ်ရင် မင်း အတွက် ရဲ ရင့်ခြင်းတွေ နဲ့  ရင်ဆိုင်ရဲ တဲ့ သတ္တိတွေ က ချစ်ခြင်းရဲ့ သက်သေတွေပေါ့ ♥♥♥ အသွားထက်ထက် ဓားတစ်လက် ငါ ဖြစ်ရင် ကာကွယ်ခြင်းန...

ဘဝမှာ မရှိမဖြစ်တဲ့ သူငယ်ချင်းများ

သူငယ်ချင်း မိတ်ဆွေတွေနဲ့ပတ်သက်တဲ့ စကားတစ်ခွန်းက ဒီလိုဆိုထားပါတယ်။ "သူငယ်ချင်းမိတ်ဆွေများရင် လျှောက်တဲ့လမ်းက ဖြောင့်သွားတယ်"တဲ့။ သူငယ်ချင်း မိတ်ဆွေတွေ အသစ်တိုးတာ မင်္ဂလာတစ်ပါးပါ။ လူတိုင်း သူငယ်ချင်းအသစ်တွေနဲ့ ခင်မင်ရင်းနှီးနိုင်ဖို့ မျှော်လင့်ကြတယ်။ ဒါပေမဲ့ (American Sociological Review,ASR)က သူတို့လေ့လာဆန်းစစ်ခဲ့တဲ့ ဆန်းစစ်ချက်အရ အခုခေတ်လူတွေမှာ သူငယ်ချင်းတွေ နည်းသထက်နည်းခဲ့ကြတာကို တွေ့ရတယ်။ လေ့လာဆန်းစစ်ခံရသူ ၄ပုံ၁ပုံက သူတို့မှာ သူငယ်ချင်းနည်းရတဲ့အကြောင်းက ဘယ်သူ့ကိုမှ ယုံကြည်လို့မရကြောင်း ဆိုထားကြတယ်။ လျင်သူစားစတမ်း၊ သာသူမြတ်ဆိုတဲ့ ခေတ်ကာလကြောင့် လူအချင်းချင်းကြားမှာ ဘယ်သူက အစစ်အမှန်၊ ဘယ်သူက အတုအယောင်ဆိုတာကို ခွဲခြားဖို့ခက်ခဲသွားတယ်။ "သူငယ်ချင်း"ဆိုတဲ့ အခေါ်ကိုလည်း ကျွန်တော်တို့ ထိတ်လန့်လာခဲ့ကြတယ်။ ဒီလိုဆိုရင် ဘယ်လိုအရာမျိုးကို သူငယ်ချင်းအစစ်အမှန်လို့ ခေါ်သလဲ? လူတစ်သက်မှာ အဲဒီလို သူငယ်ချင်းမျိုး ဘယ်နှယောက်လိုသလဲ? အမေရိကန်စာရေးဆရာ Todd Parrက "အရင်းနှီးဆုံး သူငယ်ချင်းတစ်ယောက်ဆီကနေ သင်လိုချင်တဲ့အရာတွေ ရလိမ့်မယ်လို့ မမျှော်လင့်ပါနဲ့"လို့ ဆိုထားတယ်။ ...